wordpress stat

View My Stats
Print This Post Print This Post
 

အင်္ဂလိပ်မြန်မာစစ်ပွဲများအကြောင်း

မန္တလေးနန်းတော် အကြောင်းရေးရင်း အင်္ဂလိပ်မြန်မာစစ်ပွဲအကြောင်းဖတ်မိတာနဲ့
ဒီစစ်ပွဲတွေနဲ့ပတ်သက်တယ့်ဓါတ်ပုံတွေတင်ချင်တယ့်စိတ်ပေါ်လာပါတယ်။

အင်္ဂလိပ်မြန်မာစစ်ပွဲ သုံးပွဲရှိပါသည်။ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဟာ ၁၈၂၄၊ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက်မှာ ဖြစ်ပွါးခဲ့ပြီး ရှင်မဖြူကျွန်းအရေးကိစ္စနှင့်ပတ်သက်၍ အငြင်းပွါးရာမှ စတင်စစ်မက်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ စစ်ပွဲတွင်မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အာသံ၊မဏိပူရနှင့် တနင်္သာရီဒေသတို့ကို အင်္ဂလိပ်လက်ထဲထိုးပေးလိုက်ရသည်။

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲသည် ၁၈၅၂တွင် ပုဂံမင်းလက်ထက်မှာ
စတင်ဖြစ်ပွါးခဲ့ပြီး အင်္ဂလိပ်သင်္ဘောပေါ်၌ လူသတ်မှူဖြစ်သည်ကို မြို့ဝန်ကဒဏ်ရိုက်ရာမှ မကျေနပ်၍ စစ်မက်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

သီပေါမင်းလက်ထက် ၁၈၈၅မှာ တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ စတင်ဖြစ်ပွါးခဲ့ပြီး ဘုံဘေဘားမားသစ်ကုမ္ပဏီ၏သစ်ခိုးမှူကို မြန်မာမင်းကဒဏ်ရိုက်ရာမှ မကျေနပ်၍ စစ်မက်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ ပြီးဆုံးခဲ့ပြီး သီပေါမင်းနှင့် မိဖုရား စုဖုရားလတ်တို့ကို အိန္ဒိယသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံလည်း  အင်္ဂလိပ်လက်ကျရောက်သွားသည်။
ဒီအကြောင်းအရာတွေဟာသိပြီးသားဆိုပေမယ့် သင်ခန်းစာယူရမှာတွေရှိပါတယ်။ ဘာမဟုတ်တာကိုပုံကြီးချဲ့ပြီး စစ်ပွဲ စတင်ဖြစ်ပွါးကာ မြန်မာနိုင်ငံကိုတိုက်ခိုက်သိမ်းယူခဲ့ကြတယ်။ အနောက်နိုင်ငံတွေရဲ့ ပုံကြီးချဲ့မှူတွေကို အထူးဂရုပြုရပါမယ်။

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ


တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ

ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲနဲ့ ပတ်သက်တယ့် ပုံတွေတော့ရှာလို့မရခဲ့ပါဘူး။

Reply

Powered by WP Hashcash

Copyright © 2010 option-b All rights reserved. Theme by Laptop Geek.