Posted by admin on Oct 13, 2009 in
ရောက်တတ်ရာရာ
အချစ်ကိုစတင်တွေ့ရှိခဲ့ချိန်မှာ ကျွန်တော့်ရင်ခုန်သံတွေထူးဆန်းစွာ ပျောက်ဆုံးနေခဲ့သည်။ မချစ်သင့်တော့ဘူးလို့ ဆုံးဖြတ်ပြီးချိန်မှာတော့ ကျွန်တော့်ရင်ခုန်သံက အဆမတန် မြန်နေခဲ့သည်။ ရင်ခုန်တာဟာ အချစ်ကြောင့်လား စွဲလန်းခြင်းကြောင့်လား ထိတ်လန့်စိုးရွံ့မှုကြောင့်လား…..
သေချာတာကတော့ သူမကို ရိုးသားစွာနဲ့ပင် ကျွန်တော်ချစ်ခဲ့မိပါသည်။
ကျွန်တော့်ဘ၀တွင် ပထမဆုံးအလုပ်လုပ်ရမည့်နေရ်ာသည် ရန်ကုန်မြို့၏အချက်အချာဖြစ်သော ဆူးလေဘုရားလမ်းရှိ “ Cyber Café “ တွင်ဖြစ်သည်။ ချစ်ခြင်းအစ မျက်စိကလို့ သတ်မှတ်ကြသည့်အထဲတွင် ကျွန်တော်မပါ။ ကျွန်တော်ကတော့ ချစ်ခြင်းအစ Cyber Café ကလို့ သတ်မှတ်လိုက်ပါရစေ။
မနက်ဆိုင်ဖွင့်ချိန်ဆိုလျှင် သူမသည် ဤဆိုင်၏ ဈေးဦးဖောက်customer တစ်ယောက်……ဗုဒ္ဓဟူးနေ့တိုင်းဤဆိုင်လေးတွင် Cappuccino ကော်ဖီလာသောက်နေကျလည်းဖြစ်သည် ။ 3Quarter ဂျင်းပင်နှင့် T Shirt လက်တိုကိုသာ အမြဲဝတ်ဆင်တတ်ပြီး Scholl ဖိနပ်အနီရောင်စီးကာ သူမရဲ့ကျောပိုးအိတ်လေးကို လွယ်ထားတတ်လေရဲ့… အနီးစပ်ဆုံး ဘယ်သူနဲ့တူသလဲဆိုရင်တော့ Avril Lavange နဲ့တော်တောဆင်လေရဲ့ဗျာ ။
Read more…
Posted by admin on Oct 12, 2009 in
ရောက်တတ်ရာရာ
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆီက တဆင့်ရထားတဲ့ အီးဘုက်လေးပါ။ဂျပန်ဘုန်းတော်ကြီးတပါး ရေးသားပြုစုထားတဲ့ အာလူးစိမ်းရေအကြောင်းအပြင် ပြုလုပ်နည်းနှင့်တကွ ကင်ဆာရောဂါကာကွယ်နည်းပါ ရေးသားဖော်ပြပေးထားတဲ့အတွက်
စာဖတ်သူတွေအတွက် အကျိုးများစေပါတယ်…
အောက်ပါ link အတိုင်း downloadလုပ်ယူနိုင်ပါတယ်
click_download
Posted by admin on Oct 12, 2009 in
ရောက်တတ်ရာရာ
လောကမှာ လူရယ်လို့ဖြစ်လာတော့
လူ့ဘဝရဲ့ အနိမ့်အမြင့် အတက်အကျ လောကဓံတရားကို
ကျွန်တော်တို့ လူသားတွေဟာ အနည်းနှင့်အများ ခံစားကြရပါတယ်
မွေးဖွားလာပြီးကတည်းက လူ့ဘဝရဲ့နောက်ဆုံးအချိန်၊ သေဆုံးချိန်အထိ
အဆင်ပြေပြေ၊ အခက်အခဲမရှိ ဖြတ်သန်းခဲ့တဲ့ လူတွေရှိသလို
လုပ်တိုင်းမဖြစ် အခက်အခဲပြသနာတွေကို ဖြေရှင်းရင်း လူ့ဘဝအချိန် ကုန်ဆုံးသွားတဲ့သူတွေလည်းရှိပါတယ်
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဘာသာအသီးသီးမှာ ရှင်းလင်းချက်တွေရှိပါတယ်
ကျွန်တော်ကတော့ ဘုရားသခင်ရဲ့အလိုတော်လို့ဘဲ သတ်မှတ်ပါတယ်
မိမိကိုယ်တိုင် ဘယ်လောက်ပင်ကြိုးစားကြိုးစား အောင်မြင်ခြင်မှအောင်မြင်နိုင်မှာဘာ
တချို့ကိစ္စကြပြန်တော့ ထင်မှတ်မထားတဲ့အလှည့်အပြောင်းနဲ့ အောင်မြင်သွားတတ်ပါတယ်
လူမစွမ်းသော်နတ်မတဲ့ ဆိုရိုးစကားလည်းရှိသား…….
အမှန်တော့ လောကမှာ သေချာတဲ့အရာဟူလို့ ဘာမှမရှိပါဘူး
ကောင်းတာလုပ်ပြီး ကံဆိုးနေတဲ့ လူတွေရှိသလို
မကောင်းတာလုပ်ပြီး ဟိုးရှေ့ဆုံးရောက်သွားသူတွေလည်း ဒုနဲ့ဒေးပါ
အကောင်းဆုံးက မိမိကိုယ်မိမိ အသိဉာဏ်နဲ့ ဆင်ခြင်ကြည့်မှ
ပူလောင်မှူတွေ ကင်းဝေးနိုင်မှာပါ…
Posted by admin on Oct 12, 2009 in
ရောက်တတ်ရာရာ
ဒီကဗျာလေးကို ဖတ်ကြည့်တော့ တော်တော်လေးကြိုက်ပါတယ်
အဲဒါနဲ့ postတင်ဖြစ်သွားတာပါ….
နတ်သမီးပုံပြင်
ငါအနောက်လှည့်ကြည့်တိုင်းမှာ
နတ်သမီးရှိနေရမယ်တဲ့
ငါအိပ်နေတဲ့အချိန်အိမ်မက်တိုင်းမှာ
နတ်သမီးဘဲဖြစ်ရမယ်တဲ့
မွေးနေ့ရောက်တိုင်းပထမဦးဆုံးဆုတောင်းသူဟာ
နတ်သမီးဘဲဖြစ်ရမယ်တဲ့
သွားလေရာမှာငါ့ရဲ့ကိုယ်သင်းနံ့ဟာ
နတ်သမီးဘဲဖြစ်ရမယ်တဲ့
ငါတောင်းတလိုက်တိုင်းငါ့အနားမှာ
နတ်သမီးရှိနေရမယ်တဲ့
ငါ့ရဲ့စက္ကူ့အာရုံတွေဟာ
နတ်သမီးကိုဘဲမြင်နိုင်စွမ်း
ရှိရမယ်တဲ့
ငါ့ရဲ့အသက်ရှုချက်တိုင်းဟာ
နတ်သမီးအတွက်အားအင်
တွေဖြစ်ရမယ်တဲ့
ဒါတွေကိုနတ်သမီးပုံပြင်
ဘဲဖြစ်ရမယ်လို့တော့
ဘယ်တော့မှမပြော
လိုက်ပါနဲ့နတ်သမီးရယ်…..
Posted by admin on Oct 12, 2009 in
ရောက်တတ်ရာရာ
ကျွန်တော်ဟာ ကွန်ပြူတာအကြောင်းက လွဲရင် တခြားအကြောင်းအရာတွေ သိပ်မတင်ဖြစ်ဘူး…
ချစ်သူတွေအတွက်ရည်ရွယ်ပြီး postတစ်ခုတင်မယ်လို့ ဆုံးဖြတ်ပြီး….
ချစ်သူတွေပျော်ရွှင်စေမယ့် နည်းလမ်း ၁၀၁နည်းကိုတင်ပြပေးပါမယ်…
အောက်ပါ link အတိုင်း downloadလုပ်ယူနိုင်ပါတယ်
download