Posted by admin on Oct 25, 2009 in
ကိုယ့်နိုင်ငံ၊ကိုယ့်ဒေသ
မန္တလေးနန်းတော် အကြောင်းရေးရင်း အင်္ဂလိပ်မြန်မာစစ်ပွဲအကြောင်းဖတ်မိတာနဲ့
ဒီစစ်ပွဲတွေနဲ့ပတ်သက်တယ့်ဓါတ်ပုံတွေတင်ချင်တယ့်စိတ်ပေါ်လာပါတယ်။
အင်္ဂလိပ်မြန်မာစစ်ပွဲ သုံးပွဲရှိပါသည်။ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဟာ ၁၈၂၄၊ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက်မှာ ဖြစ်ပွါးခဲ့ပြီး ရှင်မဖြူကျွန်းအရေးကိစ္စနှင့်ပတ်သက်၍ အငြင်းပွါးရာမှ စတင်စစ်မက်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ စစ်ပွဲတွင်မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အာသံ၊မဏိပူရနှင့် တနင်္သာရီဒေသတို့ကို အင်္ဂလိပ်လက်ထဲထိုးပေးလိုက်ရသည်။
ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲသည် ၁၈၅၂တွင် ပုဂံမင်းလက်ထက်မှာ
စတင်ဖြစ်ပွါးခဲ့ပြီး အင်္ဂလိပ်သင်္ဘောပေါ်၌ လူသတ်မှူဖြစ်သည်ကို မြို့ဝန်ကဒဏ်ရိုက်ရာမှ မကျေနပ်၍ စစ်မက်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
သီပေါမင်းလက်ထက် ၁၈၈၅မှာ တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ စတင်ဖြစ်ပွါးခဲ့ပြီး ဘုံဘေဘားမားသစ်ကုမ္ပဏီ၏သစ်ခိုးမှူကို မြန်မာမင်းကဒဏ်ရိုက်ရာမှ မကျေနပ်၍ စစ်မက်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ ပြီးဆုံးခဲ့ပြီး သီပေါမင်းနှင့် မိဖုရား စုဖုရားလတ်တို့ကို အိန္ဒိယသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံလည်း အင်္ဂလိပ်လက်ကျရောက်သွားသည်။
ဒီအကြောင်းအရာတွေဟာသိပြီးသားဆိုပေမယ့် သင်ခန်းစာယူရမှာတွေရှိပါတယ်။ ဘာမဟုတ်တာကိုပုံကြီးချဲ့ပြီး စစ်ပွဲ စတင်ဖြစ်ပွါးကာ မြန်မာနိုင်ငံကိုတိုက်ခိုက်သိမ်းယူခဲ့ကြတယ်။ အနောက်နိုင်ငံတွေရဲ့ ပုံကြီးချဲ့မှူတွေကို အထူးဂရုပြုရပါမယ်။
ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ
Read more…
Posted by admin on Oct 24, 2009 in
ကိုယ့်နိုင်ငံ၊ကိုယ့်ဒေသ
ကမ္ဘာမှာအရှည်ဆုံး သစ်သားတံတားများထဲက တစ်ခုလို့ မှတ်ယူနိုင်တယ့် ဦးပိန်တံတားဟာဆိုရင် မန္တလေးမြို့မှာတည်ရှိပြီး တောင်တမန်အင်းရဲ့ တစ်ဖက်တစ်ချက်ကို ဆက်သွယ်တည်ဆောက်ထားပါတယ်။ ကုန်းဘောင်ခေတ် မြို့ပိုင်စာရေး ဦးပိန်ဆိုသူက တည်ဆောက်ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မွတ်စလင်တစ်ဦးဖြစ်ပါတယ်။ တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကိုတော့ သမိုင်းဆရာများက အမျိုးမျိုးရေးသားကြပါတယ်။ အဲဒီထဲက ကောက်နှုတ်တင်ပြရရင် တောင်တမန်အင်းရဲ့ တစ်ဖက်တစ်ချက်မှာရှိတယ့် စေတီပုထိုးများကို အလွယ်တကူသွားရောက်ဖူးမြှော်နိုင်စေရန်နှင့် အင်္ဂလိပ်ပိုင်ရေယာဉ်ကြီးများ မဖြတ်သန်းနိုင်အောင် အဟန့်အတားအနေနဲ့ တည်ဆောက်ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

Read more…
Posted by admin on Oct 24, 2009 in
ကိုယ့်နိုင်ငံ၊ကိုယ့်ဒေသ
မန္တလေးရွှေနန်းတော်ရဲ့ အမည်ကို မြနန်းစံကျော် ရွှေနန်းတော်ဟုခေါ်ဆိုပြီး ကုန်းဘောင်မင်းဆက်၏ဘုရင်များစိုးစံခဲ့သောနေရာဖြစ်ပါတယ်။

မန္တလေးနန်းမြို့ရိုးကို အဝေးမှလှမ်းမြင်ရပုံ
Read more…
Posted by admin on Oct 24, 2009 in
ကိုယ့်နိုင်ငံ၊ကိုယ့်ဒေသ
ကျွန်တော့်မှာ ဖြစ်ချင်နေတယ့်ဆန္ဒတစ်ခုရှိပါတယ်။
မြန်မာပြည်အနှံ့အပြား ခရီးလှည့်လည်ချင်ပြီး မှတ်တမ်းတင်ဓါတ်ပုံများရိုက်ချင်ပြီး
မိမိ blog၌တင်ထားချင်ပါတယ်။
ရန်ကုန်သားစစ်စစ်လို့ပြောရလောက်အောင်ကို ရန်ကုန်ကလွဲပြီး မည်သည့်အရပ်ဒေသမှ သိပ်မရောက်ဖူးပါ။
သွားချင်တယ့်အရပ်ဒေသများကတော့
- မန္တလေးရွှေနန်းတော်
- ဦးပိန်တံတား
- ချင်းပြည်နယ်
- ကချင်ပြည်နယ်၊မြစ်ကြီးနား
- ထားဝယ် နဲ့ မြိတ် စတဲ့ဒေသတွေပါ။
လောလောဆယ်မှာ မသွားနိုင်သေးတော့ ဓါတ်ပုံတွေဘဲကြည့်တော့မယ်ဆိုပြီး googling လုပ်ပါတယ်။
ရလိုက်တယ့်ဓါတ်ပုံတွေကို ကဏ္ဍအလိုက်တင်ပေးသွားပါမယ်။
ဓါတ်ပုံတွေဟာ ဆိုက်အစုံကဖြစ်ပြီး ကိုယ်တိုင်သွားရောက်ရိုက်ကူးလို့ရတဲ့ ပုံတွေနဲ့ ပြန်အစားထိုးမယ်လို့ တေးမှတ်ထားလိုက်ပါတယ်။